English  မြန်မာ

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေရေးရာ

Want create site? Find Free WordPress Themes and plugins.

 


တိုင်းရင်းသားလူမျိုးများ ဥပဒေအောက်တွင် သာတူညီမျှရှိရေးအတွက် ဥပဒေရေးရာနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် စစ်မှန်သော ဖက်ဒရယ် စနစ်တစ်ခုကို တည်ဆောက်ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်မှန်သော ဖက်ဒရယ် စနစ်တစ်ခု ပေါ်ထွန်းလာရေးကို ရှေ့ရှုလျက် ENAC သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေရေးရာကိစ္စရပ်များကို ပညာပေးသင်တန်းများ နှင့် စည်းရုံးလှုပ်ဆော်မှုများမှတဆင့် ဆောင်ရွက်လျက်ရှိသည်။

ဤသို့ ဆောင်ရွက်ရာတွင် ပြည်တွင်းနှင့် နိုင်ငံတကာ ပညာရှင်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ (EAOs)၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ (EPPs)၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ (CSOs)၊ လူထု အခြေပြုအဖွဲ့အစည်းများ (CBOs)နှင့် ချိတ်ဆက်ပြီး စွမ်းရည်မြှင့်တင်ရေးသင်တန်းများပေးကာ ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံအပေါ် ဘုံနားလည်မှုများ ရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်ပါသည်။ ENAC သည် ၂၀၁၄ ခုနှစ်မှစ၍ ဖော်ပြပါအစုအဖွဲ့များနှင့် ချိတ်ဆက်ပြီး အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပလာခဲ့သည်။ ၂၀၁၆ ခုနှစ် မတ်လတွင် “မြန်မာနိုင်ငံဖက်ဒရယ်စနစ်ဆိုင်ရာ အဓိကကျသော မူဝါဒနှင့် ဝိသေဿလက္ခဏာများရေးဆွဲခြင်း (မူကြမ်း)” အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို (၆) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

Did you find apk for android? You can find new Free Android Games and apps.