English  မြန်မာ

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ပြည်ထောင်စုမြန်မာနိုင်ငံ)

Want create site? Find Free WordPress Themes and plugins.

သမိုင်းအကျဉ်း

 

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (Ethnic Nationalities Affairs Center – ENAC) သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် ဒီမိုကရက်တစ်အဆောက်အအုံများ ပေါ်ပေါက်ရေးကို အထောက်အကူပေးရန်အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းထားသည့် လွတ်လပ်သောအရင်းအမြစ်နှင့် ပညာပေးရေးစင်တာတစ်ခု ဖြစ်သည်။

မျှော်မှန်းချက်

 

မြန်မာနိုင်ငံတွင် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး နှင့် ဒီမိုကရက်တစ်အဆောက်အအုံများ ပေါ်ပေါက်လာစေရေး အထောက်အကူပေးရန်အတွက် နိုင်ငံရေး အစုအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။

 

လုပ်ဆောင်ချက်များ

 

သုတေသနလုပ်ငန်း

 

ဖက်ဒရယ်စနစ်ဆိုင်ရာအကြောင်းအရာနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာအကြောင်းအရာ စသည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော အကြောင်းအရာများအပေါ် သုတေသနများ ဆောင်ရွက်ပြီး မူဝါဒအကြံပြုချက်စာတမ်းများကို ပြုစုထုတ်ဝေပါသည်။

 

ပညာပေးသင်တန်းများ

 

နိုင်ငံရေး အစုအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်သော အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ နှင့် သင်တန်းများကို ကျင်းပပြုလုပ်သည်။

 

ပူးပေါင်းဆောင်ရွက်မှု

 

ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အဓိကပါဝင်ဆောင်ရွက်သည့် နိုင်ငံရေး အစုအဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်း များ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းသည်။

 

ချိတ်ဆက်အသိပေးခြင်း

ENAC ၏လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝန်းများသိမြင်နိုင်စေရန် တင်ပြခြင်းမှတဆင့်ဖြစ်စေ၊ ဝက်ဆိုက်နှင့်လူမှုကွန်ယက်မှဆင့်ဖြစ်စေ၊ သတင်းမီဒီယာများမှတဆင့်ဖြစ်စေ ဖော်ပြလျက်ရှိပါသည်။

Did you find apk for android? You can find new Free Android Games and apps.