English  မြန်မာ

‘လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကြိုတင်စဉ်းစားခြင်း’ သုတေသနစာတမ်းထုတ်ဝေခြင်း။

0
Want create site? Find Free WordPress Themes and plugins.

ENAC မှ သုတေသနေပြုပြီး ရေးသားပြုစုထားသော ‘လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး အခြေခံမူများနှင့် နိုင်ငံတကာအတွေ့အကြုံများ၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ကြိုတင် စဉ်းစားခြင်း’ သုတေသနစာတမ်း ( မြန်မာဘာသာ) ကို ယနေ့ စတင်ထုတ်ဝေလိုက်ပါသည်။

သုတေသနစာတမ်းတွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အခြေခံသဘောတရားများ၊ ပဋိပက္ခလွန်နိုင်ငံများတွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ပုံနှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ ကုလသမဂ္ဂအဖွဲ့၏ အခန်းကဏ္ဍများကို ရေးသားဖော်ပြထားပါသည်။ ထို့အပြင် နိုင်ငံတကာဖြစ်ရပ် (၃) ခု – တောင်အာဖရိက၊ နီပေါနှင့် ဘူရွန်ဒီ ကို ဖော်ပြထားပြီး ထိုနိုင်ငံများတွင် လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို မည့်သို့ညှိနှိုင်းဆောင်ရွက်ခဲ့ပုံနှင့် အကောင် အထည်ဖော်ခဲ့ပုံတို့ကို လေ့လာတင်ပြထားပါသည်။ ထို့အပြင် ဤစာတမ်းသည် နိုင်ငံရေးဆွေးနွေးပွဲများတွင် အထောက်အကူပြုနိုင်ရန်အတွက် မူဝါဒအကြံပြုချက် အချို့ကိုလည်း ထည့်သွင်းဖော်ပြထားပါသည်။

စာတမ်းကို အောက်ပါလင့်ခ်မှာတစ်ဆင့် အခမဲ့ရယူနိုင်ပါသည်။

SSR_ENAC_BURMESE_VERSION.PDF

ပုံနှိပ်မူ ရယူလိုပါက ENAC Facebook Messenger မှတစ်ဆင့် ဆက်သွယ်ရယူနိုင်ပါသည်။

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.