English  မြန်မာ

ပင်လုံလက်စွဲ – ပင်လုံစာချုပ်၊ ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်အဓိပ္ဗာယ်ဖွင့်ဆိုခြင်း

0
Want create site? Find Free WordPress Themes and plugins.

ပင်လုံလက်စွဲ

ပင်လုံစာချုပ်

ပင်လုံကတိကဝတ်နှင့် ပင်လုံစိတ်ဓာတ်အဓိပ္ဗာယ်ဖွင့်ဆိုခြင်း

ထုတ်ဝေသူ – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ

နိဒါန်း

ပြည်ထောင်စုမြန်မာနိုင်ငံသည် ၁၉၄၇ ခုနှစ်၊ ဖေဖော်ရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” အရ ယခင် ဗြိတိသျှကိုလိုနီ (၄) ခုကို ပေါင်းစု၍ ဖွဲ့စည်းထူထောင်ထားသော တိုင်းပြည်ဖြစ်သည်။

ထို ကိုလိုနီနယ် (၄) ခုတို့ကို နယ်ချဲ့ ဗြိတိသျှတို့က သီးခြားအချိန်တွင် သီးခြားစီဖြင့် တိုက်ခိုက်သိမ်းပိုက်ပြီး ကိုလိုနီ တလျှောက်လုံး သီးခြားဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေများဖြင့် သီးခြားစီအုပ်ချုပ်ခဲ့သော ကိုလိုနီများပင်ဖြစ်ကြ သည်။

ယင်းတို့မှာ –

  • ၁၈၉၅ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော “Kachin Hills tribes Regulation” အရ အုပ်ချုပ်ခဲ့သော “ကချင် တောင်တန်းဒေသ”
  • ၁၈၉၆ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော “Chin Hills Regulation” အရ အုပ်ချုပ်ခဲ့သော “ချင်းတောင်တန်း ဒေသ”
  • ၁၈၈၈ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သော “Shan State Act” ကို ၁၉၂၂ ခုနှစ်တွင် “Federated Shan States Act” အဖြစ် ပြင်ဆင်ပြဋ္ဌာန်း၍ အုပ်ချုပ်ခဲ့သော “ပြည်ထောင်စုရှမ်းပြည်” နှင့်
  • ၁၉၃၅ ခုနှစ်တွင် ရေးဆွဲပြဋ္ဌာန်း၍ ၁၉၃၇ ခုနှစ်တွင် အသက်ဝင်ကျင့်သုံးခဲ့သော “1935 Burma Act” အရ အုပ်ချုပ်ခဲ့သည့် ကိုလိုနီခေတ်မတိုင်ခင် မြန်မာမင်းများ ပိုင်ဆိုင်ခဲ့သည့် နယ်မြေတို့ပင် ဖြစ်ကြသည်။

1935 Burma Act အရ အုပ်ချုပ်ခဲ့သော နယ်မြေများထဲတွင် ဗြိတိသျှကိုလိုနီခေတ်မတိုင်မီ မြန်မာမင်းများက တိုက်ခိုက်သိမ်းပိုက်အုပ်ချုပ်ခဲ့သော မွန်ပြည်နှင့်ရခိုင်ပြည်တို့ အပါအဝင် ကရင်လူမျိုးများအများစုနေထိုင်ရာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများ ပါဝင်ခဲ့သည်။

ကိုလိုနီခေတ်တစ်လျှောက်လုံး လွတ်လပ်၍အချုပ်အခြာအာဏာပိုင် တိုင်းပြည်အဖြစ် ရပ်တည်ခဲ့သော ကရင်နီပြည် (ယခုကယားပြည်နယ်) ကိုမူ ပင်လုံညီလာခံသို့ ဖိတ်ကြားခြင်းမပြုခဲ့ချေ။ လေ့လာသူအချို့သာ တက်ရောက်ခဲ့ကြ သည်။ အကြောင်းမှာ ပင်လုံညီလာခံသည် ဗြိတိသျှကိုလိုနီစနစ်အောက်တွင် လွတ်လပ်ရေး ဆုံးရှုံးခဲ့ကြသော လူမျိုးများ၏ အနာဂါတ်အရေးကိုတိုင်ပင်သော ညီလာခံဖြစ်၍လွတ်လပ်သော ကရင်နီလူမျိုးများအရေးကို တိုင်ပင် စရာအကြောင်းမရှိသောကြောင့်ဖြစ်သည်။

ဗြိတိသျှနယ်ချဲ့တို့သည် ထိုကိုလိုနီနယ်များကို လွတ်လပ်သော လူမျိုးများအဖြစ်ရှိနေသော ဘဝမှ သီးခြားအချိန်အ တွင်း သီးခြားစီတိုက်ခိုက်ပြီး သိမ်းပိုက်ခဲ့သောကြောင့် ကိုလိုနီခေတ် ကုန်ဆုံးသော အချိန်တွင်လည်း ထိုကိုလိုနီနယ် (၄) ခုတို့သည် သီးခြားစီဖြင့် လွတ်လပ်ရေးရယူ၍ သီးခြားအမျိုးသားနိုင်ငံတော်များကို သီခြားစီ ထူထောင်ပိုင်ခွင့် ရှိခဲ့ကြသည်။ သို့ရာတွင် ထိုကိုလိုနီနယ် (၄) ခုမှ အမျိုးသားခေါင်းဆောင်ကြီးများသည် ၁၉၄၆ ခုနှစ် မတ်လတွင် တကြိမ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် တကြိမ် “ပင်လုံညီလာခံ” ကြီးကို နှစ်ကြိမ်တိုင်တိုင် ကျင်းပ၍ လွတ်လပ်ရေးကို အတူတကွ ရယူရန် ဆုံးဖြတ်ခဲ့ကြသည်။

ထို့ကြောင့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော “ပင်လုံစာချုပ်” သည် ကိုလိုနီခေတ်မ တိုင်ခင် သီးခြားလွတ်လပ်၍ကိုလိုနီခေတ်တလျှောက်လုံး သီးခြားဖွဲ့စည်းပုံအခြေခံဥပဒေများဖြင့် အုပ်ချုပ်ခဲ့သော ဗြိတိသျှကိုလိုနီ (၄) ခုရှိ တိုင်းရင်းသားလူမျိုးများက သီးခြားစီဖြင့် လွတ်လပ်ရေးရယူ၍ မိမိတို့၏ အမျိုးသားနိုင်ငံ တော်များကို သီးခြားစီ ထူထောင်ခြင်းမပြုဘဲ လွတ်လပ်ရေးကို အတူတကွရယူကာ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများ အပြည့်အဝရှိသော ပြည်ထောင်စု နိုင်ငံတော် တခုကို အတူတကွ ထူထောင်ကြရန် ပဋိညာဉ် ပြုခဲ့ကြသော စာချုပ်ပင် ဖြစ်ပါသည်။

စာအုပ်အပြည့်အစုံသို့

…………………

Download pdf file – 20180920_Panglong Handbook_Combined (B&E)

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.