English  မြန်မာ

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ပညာရေးမူဝါဒအကြံပြုချက် (မူကြမ်း) ကို အခြေပြု၍ အမျိုးသားပညာရေး ဥပဒေအပေါ် သုံးသပ်ချက်များ

0
Want create site? Find Free WordPress Themes and plugins.

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ပညာရေးမူဝါဒအကြံပြုချက် (မူကြမ်း)ကို အခြေပြု၍ အမျိုးသား ပညာရေး ဥပဒေအပေါ် သုံးသပ်ချက်များ


     Education ခေါ် ပညာသင်ကြားရေး (သို့မဟုတ်) ပညာ ရေးဆိုသည့်ဝေါဟာရကို “Educere”ဆိုသည့် လက်တင် ဘာသာစကားမှဆင်းသက်လာခြင်းဖြစ်ပြီး မူလအဓိပ္ပာယ် ဆိုလိုချက်မှာ “ဦးဆောင်၍ ခေါ်ယူသည်၊ ဆွဲထုတ်သည်” ဟု ဆိုလိုပါသည် (ဧရာဝတီ၊ ၂၀၁၇)။ ပညာရေးအခန်းကဏ္ဍသည် လူတစ်ယောက်၏ အဓိကပင်မကျောရိုးနှင့်တူပြီး အဆိုပါ ကျောရိုးမရှိပါက လူတစ်ယောက် သည် အသက်ရှင်နေထိုင်၊ ဘဝရပ်တည်ရေးခက်ခဲနိုင်သော စိန်ခေါ်မှုများရှိသည့်နည်းတူ ပညာရေးသည်လည်း တိုင်းပြည် တစ်ပြည်၏ရှင်သန်ရပ်တည်ရေးတွင် အဓိကကျသောကျောရိုး   ဖြစ်ပါသည်။ နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးမှုအဆင့်ကို ၎င်း၏ ပညာရေးဆိုင်ရာဖွံ့ဖြိုး တိုးတက်မှုပေတံနှင့် တိုင်းတာပြီး အကဲဖြတ်နိုင်ပါသည်။ ထို့ကြောင့် ပညာရေးသည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်မှု၏ မူလရေသောက်မြစ်ဟု မှတ်ယူနိုင်ပြီး ပြည်သူ့ကျင့်ဝတ်ဆိုင်ရာ ပြည်သူ့နီတိ (Civic Education) ပညာရပ်များကို ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် သိရှိ လာရေးအတွက် အဓိကကဏ္ဍတစ်ခုဖြစ်သည်။ ထို့အပြင် ပညာရေးကဏ္ဍတွင်အားလုံးနှင့် အကျုံးဝင်သော    ပညာရေး (All-inclusive Education) စနစ် တစ်ခုဖြစ်ရန်အတွက် အလွန်အရေးပါလှပေသည်။ ဆိုလိုသည်မှာ ဆင်းရဲ/ချမ်းသာ မရွေး၊ ကျား/မရေးရာနှင့် အသက်အရွယ်အပိုင်းခြားများကို မခွဲခြားဘဲ ကျောင်းနေအရွယ် ကလေးသူငယ်များအားလုံး ၄င်းတို့၏ နီးစပ်ရာ ဒေသများတွင် ကျောင်းပညာသင်ကြားနိုင် ရေးနှင့်၊ ကျောင်းချိန်များတွင် ပုံမှန်မတက်နိုင်သော ကလေး များအတွက်လည်း သက်မွေးဝမ်းကျောင်းပညာဖြင့် အ ထောက်အကူပြုနိုင်သော ပညာရပ်များကိုသင်ကြားပေးနိုင် ရန်အတွက် စီစဉ်ထားပေးသည့် အားလုံးအတွက် အကျုံးဝင် သောပညာရေးများကို ရည်ညွှန်းပါသည်။ အဘယ်ကြောင့်ဆို သော် နောင်အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ပုခုံးပြောင်း တာဝန်ယူရမည့် လူငယ်လူရွယ်များအတွက် အသိပညာ၊ အ တတ်ပညာရပ် (၂) ခု အားကောင်းပြည့်စုံရန် အလွန်ပင်အရေး ကြီးပါသည်။ ထို့အပြင်၊ စစ်အေးခေတ်လွန်ပြီးသော ကာလ များတွင် တိုင်းပြည်တစ်ပြည်၏ ချမ်းသာကြွယ်ဝမှုကို GDP နှင့်သာ အဆုံးအဖြတ်ပေးနိုင်ခြင်းမရှိတော့ဘဲ တိုင်းပြည်တစ်ပြည်၏ပြည်သူတစ်ယောက်၏ နေ့စဉ်ဝင်ငွေ၊ စာတတ်မြောက် မှုနှုန်း၊ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှုတို့နှင့်သာဆုံးဖြတ်ပေးသော ခေတ်သစ်ရေစီးကြောင်း ထွက်ပေါ်လာပါ သည်။

         ထိုသို့ အသုံးဝင်သည့် အသိပညာ၊ အတတ်ပညာများ သင်ကြားပေးရာတွင် တိုင်းရင်းသားပြည်နယ်များရှိ ကလေး သူငယ်တိုင်း ၄င်းတို့သက်ဆိုင်ရာ မိခင်ဘာသာစကားများဖြင့် ပညာသင်ကြားနိုင်မှသာ မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာ့ပညာရေးလောကကို မြှင့်တင်နိုင်မည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာပြည်တွင် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးစုပေါင်းစုံ နေထိုင်လျက်ရှိပသည်။ ထိုသို့ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ မတူညီကြ သော်လည်း ဗမာလူမျိုး၏ ဗမာမှုပြုနေခြင်း (Burmanization) ကို ယနေ့အထိတိုင် တိုင်းရင်းသား လူမျိုးများ၏ နေထိုင်ရာ ဒေသဖြစ်သော ပြည်နယ်များ၌ သာမက၊ တိုင်းဒေသကြီးများ (တိုင်းရင်းသားများနေထိုင်ရာ) တွင်လည်း ခွဲခြားဆက်ဆံမှု များကို တနည်းတဖုံ ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့နေရသည်။ တိုင်းရင်းသားလူမျိုးနွယ်စု အသီးသီး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများသည် ပညာရေးအခန်းကဏ္ဍတွင် ဦးစားပေး အဆင့်တွင်ပင် မရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ ၏ပညာရေးအခန်းကဏ္ဍတွင် ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့ သော အစိုးရများက တိုင်းရင်း သားလူမျိုးများ၏ မိခင်ဘာသာ စကားဖြင့် သင်ကြားပေးမှုနှင့် ဦးစားပေးခံရမှု အလွန်နည်းပါး နေသည်ကို တွေ့ရှိရသည်။ အထူးသဖြင့် အခြေခံပညာရေး၌ တိုင်းရင်းသားများသည် မိမိတို့၏စာပေ၊ ရိုးရာယဉ်ကျေးမှုများ ကို         ကျောင်းပညာရေးသင်ရိုး ညွှန်းတမ်းများတွင် မိခင် ဘာသာစကားကို စာပေအားဖြင့် သော်လည်းကောင်း သင်ကြားခွင့် မရရှိသောကြောင့် ပညာရေး၌ တိုးတက်မှု အားနည်းနေသည်ကို တွေ့ရှိနေရပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများ (၁၉၄၇၊ ၁၉၇၄ နှင့် ၂၀၀၈) ၌ မြန်မာဘာသာစကားကို ရုံးသုံး ဘာသာစကားအဖြစ် ပုံနှိပ်၍ ပြဋ္ဌာန်းထားသည်ကို လေ့လာ တွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအ ခြေခံဥပဒေ အများစုတွင် တိုင်းရင်းသားလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုများကို ထိန်း သိမ်းပေးနိုင်သော အဆင့်အထိသာ ဖော်ပြထားသည်။ လက်တွေ့ အားဖြင့် မြန်မာနိုင်ငံ၏ ပညာ ရေးစနစ်တွင် ဗမာ စကားတစ်ခုတည်းကိုသာ ကြားခံဘာသာ စကားအဖြစ် အသုံးပြုပြီး သင်ကြားလျက်ရှိနေပါသည် (ENAC, 2018)။

အပြည့်အစုံသို့ – Education Policy Analysis paper

 

 

 

 

 

 

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.