English  မြန်မာ

မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (ဒုတိယအကြိမ် ထုတ်ဝေဖြန့်ချိခြင်း)

0
Want create site? Find Free WordPress Themes and plugins.

အကျည်းချုပ်

၁၉၄၇ ခုနုစ် ဖေဖော်ဝါရီလ (၁၂) ရက်ေန့၌ ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ေကြာင့်သာ မြန်မာနိုင်ငံသည် ပြည်ေထာင်စုအနေဖြင့် ပေါ်ထွက်လာခြင်းဖြစ်သည်။ ပင်လုံစာချုပ် ချုပ်ဆိုချိန်၌ တိုင်းရင်းသားလူမျိုးများမှာ ကိုယ်ပိုင်အုပ်ချုပ် ပိုင်ခွင့်၊ ပြဋ္ဌာန်းပိုင်ခွင့်နှင့် တန်းတူရည်တူ အခွင့်အရေးဖြင့် ရရှိစေမည်ဟူသော အာမခံချက်မျိုးဖြင့် ပင်လုံစာချုပ်ကို လက်မှတ်ထိုးခဲ့ခြင်းဖြစ်သည်။ ပင်လုံစာချုပ်ကြောင့်သာ ပြည်ထောင်စုကြီးတစ်ခု ပေါ်ထွက်လာခြင်းနှင့်အတူ လက်ရှိမြန်မာနိုင်ငံ အခြေခံကျောင်းပညာရေး၌ တိုင်းရင်းသားလူမျိုးများသည် အတန်းပညာများ တက်ရောက် သင်ကြားခွင့်ရရှိသော်လည်း ၊ ကျောင်းသင်ခန်းစာများ၌ သင်ကြားအသုံးပြုသော သင်ကြားရေးမဏ္ဍိုင်ဘာသာစကား (Medium of Instruction) သည် မြန်မာဘာသာစကားဖြစ်နေသည်။

မြန်မာနိုင်ငံ၏ံ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၃) ခု၌ မြန်မာဘာသာစကားသည် နိုင်ငံတော်၏ တရားဝင် ရုံးသုံးဘာသာစကားဖြစ်သည်ဟု အတိအလင်း ပြဋ္ဌာန်းထားသည်။ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် အခြေခံကျောင်းပညာ သင်ကြားခြင်း၌ မိမိတို့၏ မိခင်ဘာသာစကား (သို့) အိမ်သုံး ဘာသာစကားဖြင့် သင်ကြား/ ယူပိုင်ခွင့်များ ဆုံးရှုံးနေရသည်။တိုင်းရင်းသားလူမျိုးများအတွက်ပညာသင်ကြားခြင်း၌ မိမိတို့မိခင်ဘာသာစကားဖြင့် သင်ကြားခြင်းသည် လူသားတိုင်း၏ အခြေခံအခွင့်အရေးတစ်ခုဖြစ်သည်။ ပုံနှိပ်ဖတ်စာအုပ်များမှာ မြန်မာဘာသာစကားဖြင့်သာ ပုံနှိပ်ထားပြီး၊ သင်ခန်းစာများမှာလည်း တိုင်းရင်းသားလူမျိုးများ၏ ဒေသနှင့်ကိုက်ညီသော သင်ရိုးညွှန်းတမ်းများကို ရေးဆွဲပြဋ္ဌာန်းပေးထားခြင်းမဟုတ်ပေ။ အကျိုးဆက်ရလဒ်အနေဖြင့် တိုင်းရင်းသားနယ်မြေများ၌ ကျောင်းပညာရေး ဆက်လက်သင်ယူလိုချင်သော စိတ်ဆန္ဒမှာ တဖြည်းဖြည်း လျော့နည်းလာပြီး ကျောင်းထွက် ရာခိုင်နှုန်းများ ပိုမိုတိုးပွားလာသည်။ ယင်းသို့ တိုးပွားလာရသည့် အကြောင်းအရင်းတစ်ရပ်မှာ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများသည် မိမိတို့ နားမလည်သော မြန်မာဘာသာစကား၊ စာပေဖြင့် သင်ကြားနေရသည့် အတွက်ကြောင့်ပင် ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်သားလူမျိုးပေါင်းစုံ၊ ဘာသာစကားနှင့် စာပေအသီးသီးရှိနေသည့်အတွက် ကျောင်း ပညာရေးသင်ကြားခြင်းဖြစ်စဉ်၌ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (MTB-MLE) မှာ အသင့်လျော်ဆုံးနှင့် ကောင်းမွန်သော ပညာရေးစနစ်ဖြစ်နေသည်။ ယူနက်စကိုလ် (UNESCO) မှ ကလေးသူငယ် များအနေဖြင့် ပညာသင်ကြားခြင်း၌ ၎င်းတို့ နားလည်တတ်ကျွမ်းမှုရှိနှင့်ပြီးသော မိခင်ဘာသာစကား (သို့) အိမ်သုံးဘာသာစကားဖြင့် သင်ကြားရန် အားပေးထောက်ခံသည့်အပြင်၊ အကျိုးအမြတ်များစွာရှိနေကြောင်း ဘာသာစကားဆိုင်ရာ သုတေသီများမှလည်း ပုံသက်သေသာဓကများစွာ ဖော်ထုတ်ပြီးဖြစ်သည်။

၁၉၇၂ ခုနှစ်အချိန်ကတည်းမှ စတင်၍ မြန်မာနိုင်ငံရှိ မွန်အမျိုးသားကျောင်းပညာရေးစနစ်သည် MTB-MLE စနစ်ကို လက်တွေ့ကျင့်သုံးနေသည်မှာ လက်ရှိအချိန်ထိပင်ဖြစ်နေသည်။ မွန်အမျိုးသားကျောင်းပညာရေးစနစ် သည် ပညာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တိုင်းရင်းသားလူမျိုးများအတွက် စံနမူနာထားထိုက်သော အမျိုးသား ကျောင်းပညာရေးစနစ်ဖြစ်သည်။ မွန်အမျိုးသားကျောင်း ပညာရေးစနစ်၏ ထူးခြားချက်မှာ MTB-MLE စနစ် ဖြစ်နေသည့်အပြင်၊ အစိုးရပညာရေးစနစ်နှင့် အပြန်အလှန်ချိတ်ဆက်နိုင်သည့် ပေါင်းကူးပညာရေးစနစ်ဖြစ်နေ သည်။ မွန်အမျိုးသားကျောင်း ပညာရေးစနစ် ဆက်လက်ရှင်သန် ရပ်တည်နေနိုင်ခြင်းနှင့် အောင်မြင်နေရခြင်း အဓိကအကြောင်းအရာများထဲတွင် ဒေသခံရပ်ရွာပြည်သူလူထု၏ ပါဝင်မှုအင်အားမှာ အဓိကအခန်းကဏ္ဍ၌ ရှိနေခြင်းကြောင့်ပင် ဖြစ်သည်။

နိုင်ငံတကာအတွေ့အကြုံများကို လေ့လာရာ၌ ပညာရေးအခန်းကဏ္ဍသည် သက်ဆိုင်ရာ ပြည်နယ်အစိုးရ လက်ေအာက်၌ သာထားရှိသည်။ ပြည်ေထာင်စုအစိုးရမှ ဝင်ေရာက်စွက်ဖက်ခြင်းမပြုဘ၊ဲ လအိုပ်ေသာနည်းပညာအထောက်အပံ့ကိုသာ ပံ့ပိုးကူညီပေးသည်။ အမေရိကန်ပြည်ထောင်စု၊ နယူးမက္ကဆီကိုပြည်နယ် အစိုးရသည် (BMEPs) အစီအစဉ် လည်ပတ်နိုင်ရန် သီးသန့်ဌာန ထားရှိသည့်အပြင်၊ လိုအပ်သော ရံပုံငွေများကိုလည်း ထားရှိသည်။ လူနည်းစုများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုများကို အတန်းပညာရေး၌ သင်ကြားရေး မဏ္ဍိုင်ဘာသာစကား (Medium of Instruction) အဖြစ် သင်ကြားခွင့် ရရှိနေသည်။ အိန္ဒိယနိုင်ငံ၏ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြည်နယ်နှင့် လူမျိုးအလိုက် အသုံးပြုများသော ဘာသာစကား၊ စာပေသည် ၎င်းတို့ နေထိုင်သည့် ဒေသများ၏ တရားဝင် ရုံးသုံးဘာသာစကားနှင့် စာပေဖြစ်လာခြင်းသာမက အတန်းပညာရပ်များ သင်ကြားရာ၌သင်ကြားရေးမဏ္ဍိုင်ဘာသာစကားဖြစ်လာသည်။ ဘာသာစကားအမျိုးအစားပေါင်း (၈၀၀)ကျော် ပြောဆိုကျင့်သုံးနေသော ပါပူဝါနယူးဂီနီ (Papua New Guinea) နိုင်ငံသည် MTB-MLE စနစ်ဖော်ဆောင်ရန် အဆင်သင့် ဖြစ်နေသော ပြည်နယ်ဒေသများ၌ အဆိုပါစနစ်အား လက်တွေ့ကျင့်သုံးနေသည်။ MTB-MLE စနစ် ဖော်ဆောင်ရန် အဆင်သင့် မဖြစ်သေးသော ပြည်နယ်ဒေသများ၌ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရနှင့် သက်ဆိုင်ရာ လူမျိုးအသီးသီး၏ တာဝန်ရှိသူများမှလည်း အားထုတ်ကြိုးပမ်းလျက်ရှိသည်။ ဤစာတမ်း၌ နိုင်ငံတကာအတွေ့အကြုံ ရလဒ်များအရ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှု အရေအတွက် မည်မျှပင် များပြားနေလင့်ကစား၊ MTB-MLE စနစ်ကို အနိုမ့်ဆုံး မူလတန်းအဆင့်မှ စတင်၍ ပညာရေးအဆင့်ဆင့်အထိ အမှန်တကယ် လက်တွေ့အကောင်အထည် ဖော်ဆောင်နိုင်ကြောင်း တွေ့ရသည်။

MTB-MLE စနစ်သည် တနိုင်ငံလုံး လွှမ်းခြုံနိုင်သည့် ပညာရေးစနစ် မဖြစ်နိုင်သော်လည်း၊ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအတွက် ဖြစ်နိုင်သောနည်းလမ်း (သို့မဟုတ်) စဉ်းစားချက်များမှာ ပြည်နယ် အခြေခံသော နည်း၊ လူမျိုးအခြေခံသောနည်းနှင့် ကျောင်းအခြေခံသောနည်းဟူ၍ အမျိုးအစား (၃) မျိုး သတ်မှတ်နိုင်သည်။ အဆိုပါနည်းလမ်း (၃) လမ်းမှာ စိတ်ကူးယဉ်ဆန်ဆန်အဖြစ်သာ မဟုတ်ဘဲ လက်တွေ့ကျကျ ဖော်ဆောင်နိုင်သည်။ အဆိုပါတွေ့ရှိချက်များကို မြန်မာနိုင်ငံရှိ တိုင်းရင်းသားပြည်နယ်များ၌သာမက ဗမာမဟုတ်သော တိုင်းရင်းသား လူမျိုးများ နေထိုင်သော တိုင်းဒေသကြီးများ၌လည်း မိမိတို့၏ ရေခံမြေခံနှင့် ဆီလျော်စွာ လက်တွေ့ဖော်ဆောင် နိုင်သည်။ UNESCO မှလည်း မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ် (MTB-MLE) ကို အားပေးလျက်ရှိသည်။

MTB-MLE စနစ်ကို လက်တွေ့ဖော်ဆောင်ပါက ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးများအနေဖြင့် မိမိတို့ မိခင် ဘာသာစကားဖြင့် အတန်းပညာများကို သင်ကြားရလျှင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းများသာမက မိမိတို့ ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုများကို တပါတည်းဖြင့် ထိန်းသိမ်းကာကွယ်၊ မြှင့်တင်သကဲ့သို့ ဖြစ်နေမည်။ ထို့အပြင် တိုင်းရင်သားလူမျိုးများ ဘာသာစကားမှ တရားဝင် နိုင်ငံသုံး (မြန်မာ) ဘာသာစကားသို့ ကူးပြောင်းမှုနှင့် နားလည် တတ်မြောက်မှုဖြစ်စဉ်အား အဆင်ပြေချောမွေ့စေသည်။ အဆိုပါစနစ်ကြောင့် မိမိတို့ နေထိုင်ရာ နယ်မြေ ဒေသများ၌ ဒေသနှင့် ဆီလျော်နိုင်သည့် ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုများမှာ လူမှုဘဝဖွံ့ဖြိုးရေးအပိုင်းအပေါ်တွင် များစွာ သိသာတိုးတက်လာမည့်အပြင်၊ လက်ရှိမြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်၌ အကျိုးသက်ရောက်မှု ဖြစ်ပေါ်စေသည်။

မြန်မာနိုင်ငံ၌ တိုင်းရင်းသားလူးမျိုးများ၊ ဘာသာစကားနှင့် စာပေအရေအတွက် မည်မျှပင် များပြားနေလင့်ကစား၊ မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေးစနစ်ကို လက်တွေ့ကျင့်သုံးနိုင်သည်။ မြန်မာနိုင်ငံ၏ အရည်အသွေးနှင့် အရည်အချင်းရှိသော ပညာရေးဖြစ်စေရန်အတွက် ပညာရေးဆိုင်ရာ နည်းလမ်းများထဲ၌ MTB-MLE စနစ်မှာ တစ်ခုအပါအဝင်ဖြစ်သည်။ ဗမာလူမျိုးနှင့် တိုင်းရင်းသားများ နှစ်ဦးနှစ်ဖက်အကြား အပြန် အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှုများကိုလည်း ပိုမိုတည်ဆောက်နိုင်မည်ဖြစ်သည်။ နိုင်ငံ၏ ပညာရေး မူဝါဒများ ချမှတ်ရာတွင်လည်းကောင်း၊ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ များတွင်လည်းကောင်း ပြဋ္ဌာန်းရန်လိုပါသည်။ ယင်းကဲ့သို့ ပြဋ္ဌာန်းပြီးနောက် MTB-MLE စနစ်ကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြည်နယ်ရှိ ပညာရေး လိုအပ်ချက်များကို ပြည်ထောင်စု အစိုးရထက် ပြည်နယ်အစိုးရမှ ပိုမိုသိရှိနေသည့်အတွက်ကြောင့်ပင်ဖြစ်သည်။ ပြည်နယ်အစိုးရမှ MTB-MLE စနစ်ကို ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံသားများအားလုံး လိုလားတောင့်တသော စစ်မှန်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ပြည်တွင်ငြိမ်းချမ်းရေးနှင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရာတွင် တနည်းတလမ်းဖြင့် အထောက်အကူပြုနေမည်ဖြစ်သည်။

အပြည့်အစုံသို့ – ENAC_EducationPaper_Bur Final(11-1-2019)

 

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.