ENAC ၏အခွန်ကောက်ခံခြင်းဆိုင်ရာ မူဝါဒများ (မူကြမ်း) ကို အခြေခံ၍ မြန်မာနိုင်ငံ၏ အခွန်အကောက် ဥပဒေနှင့် လက်ရှိအခွန်ဘဏ္ဍာခွဲဝေခြင်းဆိုင်ရာများ နှိုင်းယှဉ်သုံးသပ်ခြင်း
အခွန်ဆိုသည်မှာ ပြည်သူတို့၏ အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် လည်းကောင်း၊ နိုင်ငံတော်အတွင်းလိုအပ်သော အခြေခံ အဆောက်အအုံများကို တည်ဆောက်ရန်အတွက် လည်းကောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်းကောင်း၊ လိုအပ်သော ဘဏ္ဍာငွေများကို ဖြည့်တင်းနိုင်ရန်အတွက် အစိုးရမှ ကောက်ခံသော အခွန်အခများနှင့် ကြေးများကို အခွန်ဘဏ္ဍာငွေ ဟု အဓိပ္ပာယ်ဖွင့်ရပါမည်။
ပည်ထောင်စု လွှတ်တော်မှ ပြဋ္ဌာန်း လိုက်သည့် မြန်မာနိုင်ငံ အခွန်အကောက်ဆိုင်ရာ ဥပဒေ အရ “အခွန်အကောက် ဆိုသည် မှာ ဤဥပဒေအရ ပြည်ထောင်စု အစိုးရက ပြည်ထောင်စုအတွက် ကောက်ခံသည့်အခွန်၊ အကောက်ခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ်ကြေး နှင့် ဒဏ်ကြေးငွေ များကို ဆိုသည်။” အခွန်အကောက် ဥပဒေသည် ဘဏ္ဍာနှစ်တစ်ခု ပြီးဆုံးပါက အသစ်ပြန်လည်ရေးဆွဲရသော ဥပဒေဖြစ်သည် (Myanmar Business Today, 2017)။
၂၀၁၈ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို မတ်လ (၃၀) ရက်နေ့ ၂၀၁၈ တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည်။ အခွန်အကောက် ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွက် အလွန်းအရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင် နေပါသည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတစ်နိုင်ငံ လည်ပတ်ရပ်တည်နိုင်ရန်အတွက်နှင့် အစိုးရ၏ လုပ်ငန်းများ လည်ပတ်နိုင်ရန် အတွက် ငွေကြေးများ ကို အခွန် အကောက်ကနေသာ အဓိက ရှာဖွေသုံးစွဲ လည်ပတ် နေရသောကြောင့်ဖြစ်သည်။
ပြည်သူလူထုများက အခွန်ပုံမှန် ဆောင်မှသာလျင် အစိုးရ အနေ ဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်း များအား ကောင်းမွန်စွာ လည် ပတ်နိုင်မည် ဖြစ်သည်။ ထိုသို့ လည်ပတ်နိုင်မှသာလျှင် တိုင်း ပြည်ပိုမို တိုးတက်ဖွံ့ဖြိုး လာနိုင် မည်ဖြစ်ရာ အခွန်အကောက် ဥပဒေသည် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့ လည်ပတ် နေစေရန် အလိုအပ်ဆုံးသော အသက်သွေးကြော များဟု ခေါ်ဆိုနိုင်ပေသည်။ သို့ရာတွင် ပြည်သူလူထု များသည် ဘဏ္ဍာရေး စီမံခန့်ခွဲမှု ဖြစ်စဉ်များ အပေါ်တွင် နားလည်သဘောပေါက်မှု အလွန်အား နည်းသောကြောင့် ပူးပေါင်း ပါဝင်မှုများလည်း မရှိသလောက် တွေ့ရသည်။………….
အပြည့်အစုံသို့ – ENAC-brief_MyanmarTaxationLaw