English  မြန်မာ

ကချင် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ လွှတ်မြှောက်ရေး နှင့် ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုများ

0
Want create site? Find Free WordPress Themes and plugins.

ကချင်ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ လွှတ်မြှောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုများ


 

ENAC သုံးသပ်ချက်အကျဉ်း၊ အမှတ်စဉ် ()

ရက်၊ မေလ၊ ၂၀၁

မြန်မာစစ်တပ်မှ ကချင်ပြည်နယ်သို့ ထိုးစစ်များ ပြုလုပ်လာခြင်းကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မြန်မာစစ်တပ်တို့အကြားတိုက်ပွဲများ ဧပြီလအတွင်း အရှိန်အဟုန်မြင့်တင်လာခဲ့ပြီး ကချင်ပြည်တွင်း နေရပ်စွန့်ခွာတိမ်းရှောင်သူများ (၅၀၀၀) ကျော်ရှိလာပါသည်။ လူဦးရေ (၃၀၀၀) ကျော်သည် တောထဲတွင်ပိတ်မိနေပြီး ၎င်းတို့ပြန်လည်လွတ်မြောက်ရေးအတွက် ဧပြီ (၃၀) ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ပြည်သူလူထုလူဦးရေ (၅၀၀၀) ကျော်သည် ဆန္ဒထုတ်ဖော်ခဲ့ပါသည်။ ရန်ကုန် နှင့် အခြားသောမြို့ကြီးများတွင် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်လျက်ရှိပြီး၊ နိုင်ငံခြားရှိ မြန်မာနိုင်ငံသံရုံးများရှေ့တွင်လည်း ဆန္ဒထုတ်ဖော်ပွဲ များ ပြုလုပ်လျှက်ရှိသည်။

ဘာသာရေးအဖွဲ့အစည်းများ နှင့် အရပ်ဖက်အဖွဲ့အစည်းများက ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ပြည်ထောင်စုအစိုးရထံသို့လည်းကောင်း ပိတ်မိပြည်သူများလွတ်မြောက်ရေးအတွက် စာတင်ခဲ့သော်လည်း ယနေ့ထိလွတ်မြောက်လာ ခြင်းမရှိသေးပေ။ ထိုကြောင့် ကချင်လူငယ်များမှ သပိတ်စခန်းကိုဖွင့်၍ ဆန္ဒထုတ်ဖော်မှုများပြုလုပ်လျှက်ရှိသည်။ ကချင်ပြည် နယ်ရှိ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်သူများ အရေးကို မဖြေရှင်းပေးနိုင်ပါက ဆန္ဒပြပွဲများ ပြည်နယ် နှင့် တိုင်းဒေသကြီးများသို့  ပြန့်နှံ့လာနိုင်ပါသည်။

မြန်မာစစ်တပ်မှ ထိုးစစ်ဆင်နေခြင်းများသည် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် အခြားသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EAOs) တို့အား ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ပိုမိုဝေးသွား စေနိုင်ပါသည်။ ပြည်သူလူထုများအနေဖြင့်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်အား ယုံကြည်မှု ပိုမို နည်းပါး လာနိုင် စေပါသည်။ ထို့ကြောင့် ကချင်ပြည်နယ်နှင့် အခြားသော တိုင်းရင်းသားပြည်နယ်များ သို့ မြန်မာစစ်တပ်မှ ထိုးစစ်းဆင်နေခြင်းအား ရပ်တန့်ရန်လိုအပ်ပါသည်။ မြန်မာစစ်တပ်မှ ထိုးစစ်များ ဆက်လုပ်ဆောင်နေပါက တတိယအကြိမ်ပင်လုံ ညီလာခံတွင် တိုင်းရင်းသားတို့၏ အသံလုံလောက်စွာ မပါဝင်နိုင်တော့ပဲ ဖြစ်နေ ပါလိမ့်မည်။

ကချင်ပြည်နယ်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ အမြန်ဆုံးပြန်လည်လွတ်မြောက်လာ ရေးအတွက် အနိုင်ရပါတီ၏ခေါင်းဆောင် မှ ပြည်သူဖက်သို့ ရပ်တည်ကာ အမြန်ဆုံးဆောင်ရွက်သင့်ပါသည်။ ထိုသို့ပြုလုပ်နိုင်မှသာ ငြိမ်ချမ်းရေး ဖြစ်စဉ်တွင် ယုံကြည်မှုတည်ဆောက်ရေး နှင့် အမျိုးသားရင့်ကြားစေ့ရေး ဆိုင်ရာ လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရန်အတွက် အထောက်အပံဖြစ်ပါ လိမ့်မည်ဟု သုံးသပ်မိပါသည်။

 

PDF File ယူရန် – Kachin IDPs and Peace Briefing

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.