English  မြန်မာ

ENAC ၏ သဘာဝသယံဇာတဆိုင်ရာ မူဝါဒအကြံပြုချက်နှင့် အစိုးရ၏မြန်မာ့ကျောက်မျက် ရတနာ ဥပဒေအပေါ် အပြန်အလှန် ရှုမြင်သုံးသပ်ခြင်း

0
Want create site? Find Free WordPress Themes and plugins.

    ENAC ၏ သဘာဝသယံဇာတဆိုင်ရာ မူဝါဒအကြံပြုချက်နှင့် အစိုးရ၏မြန်မာ့ကျောက်မျက်ရတနာ ဥပဒေအပေါ် အပြန်အလှန် ရှုမြင်သုံးသပ်ခြင်း


         လတ်တလောမြန်မာပြည်ရှိ၊ ကချင်ပြည်နယ်၌ ကချင်ပြည်သူများမှ ဆန္ဒထုတ်ဖော်လျှက် ရှိပါသည်။ ပြဿနာများ၏ ရေခံမြေခံ အကြောင်းအရင်းတစ်ရပ်မှာ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေသည် ဒေသခံပြည်သူလူထုများအတွက် အကျိုးဖြစ်ထွန်းမှုမျိုး တစ်စုံတစ်ရာ မပါရှိသည့်အပြင်၊ ဒေသခံများထံမှ ဂုတ်သွေးစုပ်နေခြင်းနှင့် ဓားမဦးကျ အခြေတကျ နေထိုင်လာသော ဒေသခံ လူမျိုးစု များထံမှ ချမ်းသာမှုများကို စုပ်ယူနေခြင်းကြောင့်ပင် ဖြစ်ပေသည်။

        ကျောက်မျက် ရတနာ ဥပဒေကို ၁၉၉၅ ခုနှစ်တွင် စတင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ ဥပဒေကို ၂၀၁၃ ခုနှစ်တွင် ပထမဦးဆုံး အနေဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (နအဖ) အစိုးရမှာ ဦးဆောင်၍ ပြင်ဆင်ရေးဆွဲခဲ့သည်။ ထပ်မံ၍ ၂၀၁၆ ခုနှစ်တွင် ဦးသိန်းစိန် အစိုးရ ဦးဆောင်ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေကို ဒုတိယ အကြိမ် ဖြည့်စွက်ရေးဆွဲ အတည်ပြု ခဲ့ပါသည်။ ယခု လက်ရှိအခြေအနေတွင် မြန်မာ့ကျောက်မှက်ရတနာ ၂၀၁၇ ခုနှစ် ဥပဒေ မူကြမ်းကို တတိယအကြိမ် ထပ်မံ ပြင်ဆင်ဖြည့်စွက်ရန် အမျိုးသားလွှတ်တော်တွင် ဆွေးနွေး နေလျှက်ရှိပါသည် (The Irrawaddy, 2018)။

        သိမ်မဝေးလွန်းသော မြန်မာပြည် သမိုင်းဆိုင်ရာဆင့်ကဲ ဖြစ်စဉ်များတွင် နိုင်ငံရေး ယဉ်ကျေးမှု (political cultural) အရ အုပ်ချုပ်သူ အစိုးရအဆက်ဆက်သည် တပြည်ထောင်စနစ် (Unitary) ပုံစံ စနစ်ကို လက်ဆွဲပြပြီး ဗဟိုအစိုးရ၏ ချုပ်ကိုမှုများဖြင့်သာ ဥပဒေမူကြမ်းများကို အတည်ပြုခဲ့ ကြခြင်း၏ အကျိုးဆက်သည် အသွင်ကူးပြောင်းရေး ကာလတိုင်အောင် ဒေသခံများ၏ အကျိုးစီးပွားများကို လျစ်လှူပြုနေဆဲ ဖြစ်သည်။

        မြန်မာအစိုးရ ပြဋ္ဌာန်းထားသော မြန်မာ့ကျောက်မျက်ဥပဒေအရ “ကျောက်မျက်ရတနာ ဆိုသည်မှာ မတ္တမြား၊ နီလာ၊ ကျေက်စိမ်း၊ စိန်၊ ပန်းညံ့၊ ပြောင်ခေါင်းစိမ်း၊ သုံးပန်လှမျိုးကျောက်၊ ဖရဲအူ၊ ရွှေတွင်းဝါ၊ မြမျိုးကျောက်၊ ဂေါ်မိတ်၊ ထပ်တရာ၊ သလင်းတူကျောက်၊ ဥဒေါင်း၊ မျော၊ အညံ့နီလာ၊ နဂါးသွဲ့၊ ကြံဆစ်ရေကျောက်၊ ပါလဒုတ္တာ၊ မြတူကျောက်၊ ပယင်း၊ ပုလဲပြာ၊ နက်ဖရိုက်၊ မှော်စစ်စစ်၊ ထုံကုံး၊ ပလွမ်း၊ ထပ်ကျောက်၊ ထပ်ကွာစိမ်း၊ မိုးညှင်းနီလာ၊ ရေဂေါ်မိတ်၊ သန္တာ၊ ပိန်းနိုက်၊ သူရောင်၊ ဆာပင်တင်း၊ ငုပဆစ်၊ ဆိုဒါလိုက် သို့မဟုတ် သို့မဟုတ် အမ်ဖီဗိုး အုပ်စုဝင်ကျောက်များ ကိုဆိုသည်” ဟု ဖော်ပြပါ ရှိသည်။ (မြန်မာ့ကျောက်မျက် ရတနာဥပဒေ၊ ဒု-ကြိမ်၊ ၂၀၁၆)။

       ၂၀၁၆ ခုနှစ် ဧပြီလတွင် (၂၁၃၉ ၂) ကျောက်မျက်ရတနာထုတ်လုပ်ပိုင်ခွင့်နှင့် (၂၀၀၀) ကျောက်မျက်ရောင်းဝယ် ဖောက်ကားရေးလိုင်စင်များကို မြန်မာပြည်တွင် ဥပဒေပြုပြဋ္ဌာန်း ကျင့်သုံး လျှက်ရှိနေသည် ( Irwin, 2016)။………………..

အပြည့်အစုံသို့ – enac-brief_Gemstone-law (new layout)_Final

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.