English  မြန်မာ

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သတင်းထုတ်ပြန်ချက်(၂၀၁၈ ခုနှစ်၊ဧပြီလ (၂၅)ရက်နေ့)

0
Want create site? Find Free WordPress Themes and plugins.

KNPP ၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မီတီ (PNC) နှင့် အစိုးရ NRPC ၏ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့အကြား နှစ်ဖက် တရားဝင်ဆွေးနွေးပွဲ (Biliteral Meeting)

သတင်းထုတ်ပြန်ချက် အမှတ် – ၃ /၂၀၁၈

ရက်စွဲ။ ။ ဧပြီလ၂၅ ရက်၊ ၂၀၁၈ ခုနှစ်

၁။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မီတီ (PNC) နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့၏ နှစ်ဘက်တရားဝင်ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဧပြီလ (၂၆) ရက်နေ့ မှ (၂၇) ရက်နေ့အထိ ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ ရှိ ပြည်နယ်ခန်းမ၌ ကျင်းပမည် ဖြစ်ပါသည်။

၂။ ဤဆွေးနွေးပွဲ၌ ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့်တို့တွင် KNPP နှင့် အစိုးရတို့အ ကြား ချုပ်ဆိုခဲ့သော နှစ်ဘက်သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်နယ်အဆင့်နှင့် ဒေသအဆင့်ပူးတွဲစောင့်ကြည့်ရေးကိစ္စများ၊ လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့ကိစ္စများ၊ လူမှုရေးကူညီထောက်ပံ့မှုကိစ္စများ၊ ပြည်နယ်အတွင်း INGO နှင့် NGO များလုပ်ငန်းဆောင်ရွက်မှုကိစ္စများ၊ မူးယစ်ဆေးဝါး၊ သစ်တောပြုန်းတီးမှုနှင့် လူကုန်ကူးမှုကိစ္စများ၊ ပြည်နယ်နှင့်ပြည်ထောင်စုအဆင့်များတွင် ဆက်ဆံရေးတာဝန်ခံများ ပြန်လည်ထားရှိရေးကိစ္စများနှင့် တပ်ပိုင်းဆိုင်ရာကိစ္စများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

၃။ KNPP ၏ ဖိတ်ခေါ်ချက်အရ ပြည်နယ်အတွင်းရှိ ဒေသခံနိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များနှင့် NCA အား လက်မှတ်ရေးထိုးထားပြီးသော ညီနောင်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များသည် ဤဆွေးနွေးပွဲသို့ လေ့လာသူများအဖြစ်တက်ရောက်မည် ဖြစ်ပါသည်။

၎။ KNPP အနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဖေါ်ဆောင်နိုင်မှုကို ရှေ့ ရှုလျှက် ပြည်နယ်အဆငန့ှ်င့် ပြည်ထောင်စုအဆင့်တို့တွင် ချုပ်ဆိုခဲ့သော နှစ်ဘက်  သဘောတူညီချက်များကို ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ အပ်ပါသည်။

 

KNPP ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးရေးကော်မတီ (PNC)

ဆက်သွယ်ရန် –  နဲနယ်ပလိုး

                     (+၉၅) ၉၇ ၈၇၅၁ ၆၀၉၇

PDF file ယူရန် – 0425 KNPP Statement BUR

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.