English  မြန်မာ

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်တွင် စတင်ကျင်းပခဲ့ပါသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ပုံမှန် ကောင်စီအစည်းအဝေးမှ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်တွင်ထုတ်ပြန်သော သတင်းထုတ်ပြန်ကြေညာချက်

0
Want create site? Find Free WordPress Themes and plugins.

သတင်းထုတ်ပြန်ကြေညာချက်
၁ /၂၀၁၈

၁။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ပုံမှန် ကောင်စီအစည်းအဝေးတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက် နေ့တွင် စတင်ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) တို့မှ ကောင်စီဝင်များအပြင် ဆက်စပ်မဟာမိတ်အဖွဲ့အစည်း ဖြစ်သော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

၂။ သို့ရာတွင် ကောင်စီအဖွဲ့ဝင်အဖွဲ့အစည်းများဖြစ်ကြသော မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့အနေဖြင့် NCA လက်မှတ်ရေးထိုးရန် အစီအစဉ်ရှိနေသောကြောင့် အစည်းအဝေးကို ယာယီရပ်ဆိုင်းထားပါသည်။

၃။ UNFC ၏ ဒုတိယအကြိမ်ပုံမှန်ကောင်စီအစည်းအဝေးအား အဖွဲ့ဝင်အဖွဲ့အစည်း (၂) ဖွဲ့ လက်မှတ်ရေးထိုးခြင်းအစီအစဉ်ပြီးနောက် ပြန်လည်စတင်သွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်။

ရက်စွဲ။ ။ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်

ဆက်သွယ်ရန်

ခူဦးရယ် – အထွေထွေအတွင်းရေးမှူး ဖုန်း +66 (0) 84-805-1344
ဦးထွန်းဇော် – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖုန်း +66 (0) 81 680-8934

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.