English  မြန်မာ

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံသင့်သောကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ (မူကြမ်းများ)

0
Want create site? Find Free WordPress Themes and plugins.

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံသင့်သောကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ

(မူကြမ်းများ)


နိဒါန်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု သို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင်ပါဝင်ကြမည့်တိုင်းရင်းသားလက်နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ1 (EAOs)2၊ တိုင်းရင်းသားနိုင်ငံရေး ပါတီများ (EPPs)3၊ လူထုအခြေပြုအဖွဲ့အစည်းများ (CSOs)4 နှင့် အရပ် ဖက်လူ့အဖွဲ့အစည်းများ (CBOs)5 အကြား မူဝါဒဆိုင်ရာ တူညီသော ဘုံနားလည်မှုများ (Common Understandings) ရရှိရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများ ရေးရာစင်တာ (ENAC)6မှ စီစဉ်ဆောင်ရွက်သော မူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် မူဝါဒအကြံ ပြုချက် (မူကြမ်း) များကို ဤစာအုပ်တွင် စုစည်းထားပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် EAOs၊ EPPs၊ CSOs/CBOs အဖွဲ့အစည်း များမှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်သူများ ပါဝင်တက်ရောက်ဆွေးနွေးပြီး ရေးသားထားသော အကြံပြုချက် (မူကြမ်း) များ ဖြစ်ပါသည်။ (၂၀၁၄) ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သော မူဝါဒဖော်ဆောင်သည့် အလုပ်ရုံဆွေးနွေးပွဲများမှ မူဝါဒ ဆိုင်ရာ ခေါင်းစဉ်ပေါင်း (၉) ခုကို ဆွေးနွေးအကြံပြုထားပြီး ဖြစ်ပါသည်။

ယင်းကဲ့သို့ ဆွေးနွေးအကြံပြုပြီး ရရှိလာသော မူဝါဒအကြံပြုချက်များကို ခေါင်းစဉ်အလိုက် ဖွဲ့စည်းထားသော (CWGs)7ခေါ် အလုပ်အဖွဲ့များနှင့် သော်လည်းကောင်း၊ EAOs အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်သော် လည်းကောင်း အလုပ်ရုံဆွေးနွေးပွဲများထပ်မံ ကျင်းပပြီး ပြန်လည်သုံးသပ် ခဲ့ပါသည်။ ထိုသုံးသပ်ချက်များကို EAOs အဖွဲ့အစည်းအသီးသီး အခြေ စိုက်ရာဒေသများသို့ ENAC မှ သွားရောက်ပြီး ယင်းအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသအတွင်းရှိ CSOs/CBOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာ ၄င်းတို့ထံမှပြင်ဆင် ချက်နှင့် အကြံပြုချက်များကို ရယူခဲ့ပါသည်။

အထက်ဖော်ပြပါ ကွင်းဆင်းပြီးရရှိလာသော ပြင်ဆင်ဖြည့်စွက်ထားသည့် မူဝါဒမူကြမ်းများကို ENAC မှစုစည်း၍ ကွဲပြားသည့် ဖြည့်စွက်ချက်များနှင့် ဆင်တူရိုးမှား ဖြည့်စွက်ချက်များအတွက် ဘုံနားလည်မှုများရရှိနိုင်ရန် EAOs၊ EPPs ခေါင်းဆောင်များနှင့် ခေါင်းစဉ်အလိုက်ဖွဲ့စည်းထားသော (CWGs) ခေါ် အလုပ်အဖွဲ့ဝင်များကို ဖိတ်ခေါ်ကာ (၂၀၁၆) ခုနှစ် မေလ (၂၉-၃၀) နေ့ရက်များတွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ထပ်မံပြုလုပ်၍ ထွက်ပေါ်လာလည့် မူဝါဒ (မူကြမ်း) များ ဖြစ်ပါသည်။ ၎င်းမူဝါဒ (မူကြမ်း) ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (UNFC)8 က အတည်ပြုပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည် ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက်မူဝါဒအကြံပြုချက် (မူကြမ်း) များအဖြစ် ၂၀၁၆ ခုနှစ် ဇွန်လတွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေ ခဲ့ပါသည်။

၎င်းစာအုပ်အဖြစ် ထုတ်ဝေလိုက်သော ကဏ္ဍ(၉)ခု ပါဝင်သည့် မူဝါဒ အကြံပြုချက် (မူကြမ်း) များကို ပြည်နယ်များနှင့်တိုင်းဒေသကြီးများရှိ တိုင်းရင်းသားပြည်သူလူထုများအကြား ဘုံနားလည်မှုရရှိရန်နှင့် ၎င်းတို့ ၏ အကြံပြုချက်များ ပါဝင်လာနိုင်ရန်အတွက် မော်လမြိုင်၊ ဘားအံ၊ ကျိုင်းတုံ၊ လာရှိုး၊ တောင်ကြီး၊ မြစ်ကြီးနား၊ စစ်တွေ၊ လွယ်ကော်၊ ထားဝယ်၊ ဟားခါးနှင့် ကလေးမြို့များတွင် ENAC မှ သွားရောက်ပြီး ၎င်း ဒေသအတွင်းရှိ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာ ၎င်းတို့ထံမှပြင်ဆင်ချက်နှင့် အကြံပြုချက် များကို ရယူခဲ့ပါသည်။

ကွင်းဆင်းပြီး ရရှိလာသော ပြင်ဆင်ချက်နှင့် အကြံပြုချက်များကို ENAC မှ စုစည်း၍ ကွဲပြားသည့် ဖြည့်စွက်ချက်များနှင့် ဆင်တူရိုးမှား ဖြည့်စွက်ချက်များကို ဘုံနားလည်မှုများ ရရှိနိုင်ရန် EAOs၊ EPPs ခေါင်း ဆောင်များနှင့် ခေါင်းစဉ်အလိုက်ဖွဲ့စည်းထားသော (CWGs) ခေါ်အလုပ် အဖွဲ့ဝင်များကို ဖိတ်ခေါ်ကာ (၂၀၁၇) ခုနှစ် သြဂုတ်လ (၂၉-၃၁) နေ့ရက် များတွင် ပြန်လည်စုစည်းသည့် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ထပ်မံပြုလုပ် ၍ ထွက်ပေါ်လာသည့်မူဝါဒ (မူကြမ်း) များဖြစ်ပါသည်။ ထိုအလုပ်ရုံဆွေး နွေးပွဲတွင် မူဝါဒ (၉) ခုအပြင် EAOs၊ EPPs ခေါင်းဆောင်များနှင့် CSOs/ CBOs ခေါင်းဆောင်များ ပါဝင်တက်ရောက်သည့် အလုပ်ရုံဆွေးနွေးပွဲများမှ ရေးသားအကြံပြုထားသည့် သစ်တောနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာမူဝါဒများနှင့် စွမ်းအင်ဆိုင်ရာမူဝါဒများ (မူကြမ်း) များကို ပါ ဆွေးနွေးသုံးသပ်ခဲ့သဖြင့် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒအကြံပြုချက် (မူကြမ်း) (၁၁) ခုကို ရရှိခဲ့ပါသည်။

သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများနှင့် စွမ်းအင် ဆိုင်ရာမူဝါဒများ (မူကြမ်း) များကို UNFC က အတည်မပြုရသေးပါ။ ထိုနည်းတူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအသီးသီးရှိ ဒေသများ၊ ပြည်နယ်များနှင့်တိုင်းဒေသကြီးများတွင်လည်း ကွင်းဆင်း တွေ့ဆုံဆွေးနွေးမှုများ မပြုလုပ်ရသေးပါ။ သို့သော် မူဝါဒအကြံပြုချက် (၁၁) ခုကို စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် အဖွဲ့ (UNA)9 က မူအရ အတည်ပြုထားပြီး ဖြစ်ပါသည်။

ဤမူဝါဒများသည် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း အလုပ်ရုံ ဆွေးနွေးပွဲများ၊ ကွင်းဆင်းတွေ့ဆုံဆွေးနွေးပွဲများနှင့် ပြန်လည်သုံး သပ်ခြင်း အဆင့်ပေါင်းမြောက်များစွာ ဖြတ်ကျော်ပြီး ရရှိထားသည့် မူဝါဒ (မူကြမ်း) များဖြစ်ပါသည်။ ထို့ကြောင့် ဤမူဝါဒများသည် တိုင်း ရင်းသားပြည်သူလူထုများ သိရှိနားလည်စေရန်၊ မြန်မာနိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း များအကြား ပြုလုပ်သည့် နိုင်ငံရေးဆွေးနွေးပွဲများ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအပါအ၀င် နိုင်ငံရေးဆွေးနွေးပွဲအဆင့်တိုင်းတွင် အသုံးပြုသွားရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရာတွင် အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေဖြန့်ချီလိုက်ပါသည်။ 

 

စာအုပ်အပြည့်အစုံသို့ – Sectoral Policy Recommendations for Building Future Federal Democratic Union (Draft) 2nd Edition

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.